ကျွန်မဘယ်လို လုပ်ရမလဲမသိတော့ဘူး ..
"ကျွန်မဘယ်လို လုပ်ရမလဲမသိတော့ဘူး .."
လို့ သုံးလအရွယ် သမီးငယ်ကို ချီထားတဲ့ မသင်းစိုး က ဝေးကိုလှမ်းကြည့်ရင်း တိုးတိုးပြောပါတယ်။ သူ့လက်ထဲမှာ အီရင်း နည်းနည်းလေးရုန်
းနေတဲ့
ကလေးရဲ့ကိုယ်ကတော့ ခြစ်ခြစ်တောက်နေလို့ပါ။
လွန်ခဲ့တဲ့ လေးလလောက်က လည်း မသင်းစိုးရဲ့ ငါးနှစ်အရွယ် သားအကြီးက
သွေးလွန်တုတ်ကွေးဖြစ်ပြီး ဆေးရုံတက်ခဲ့ရပါသေးတယ်။
"သူ့ဖေ ရွှေတော သွားစုလာတဲ့ ပိုက်ဆံလေးသိန်း အဲ ပခုက္ကူ ဆေးရုံသွားကုရတာ
ကုန်ပါရော "
အဓိကကုန်ကျစရိတ်ကတော့ သွေးသွင်းစရိတ်နဲ့ ဆေးဖိုးများပါတယ်။ အဲဒီတုန်းက
မသင်းစိုးက အခုချီထားတဲ့ကလေး ကိုယ်ဝန်ရင့်မာကိုလွယ်ထားရတယ်လိ
ု့ဆိုပါတယ်။
"အဲဒီတုန်းက ကလေးကို ပခုက္ကူဆေးရုံလိုက်ပို့ပေးတဲ့ ကားခမပေးနိုင်သေးဘူး ။
"မြို့ခံနာရေးကူညီမှုအသင်းကို လှုရမယ့် ကားခမပေးနိုင်သေးတာထက်
အခုလက်ထဲမှာချီထားတဲ့ ကလေးကို မွေးပေးတဲ့ လက်သည်
ဆရာမဆီကိုလည်းကန်တော့ကြေးမပေးနိ
ုင်သေးပါဘူး။
ကလေးအဖေကတော့ တစ်ရက်တစ်ထောင့်ငါးရာ ၀င်ငွေဘဲရှိတာပါ။ အခုတော့ တရုတ်ပြည်ကို
အလုပ်လုပ်ဖို့ပြန်ထွက်သွားပါပြီ
။
"ကလေးဖေက ရွှေတောက ပါလာတဲ့
ငှက်ဖျားနဲ့ တော်တော်ဖျားနေတာ နောက်သူလည်း
ဒီအကြွေးတွေဆပ်ရမှာနဲ့ ဘာနဲ့ အိမ်ကေ ကြာင်အိမ်လေးရောင်း ဆေးထိုးပြီး
တရုတ်ပြည်ထွက်သွားတာဘဲ "
ပုံမှန်အားဖြင့် သူတို့မြို့မှာက ဆေးခန်းတစ်ခါပြပြီးဆေးထိုးရင် တစ်ထောင်
ထောင့်ငါးရာသာကျတာပါ။ ဒါပေမယ့် ထောင့်ငါးရာသာဝင်ငွေရှိတဲ့
မသိန်းစိုးတို့မိသားစုအတွက်ကတော
့ မလွယ်လှပါဘူး ။
မသိန်းစိုးက မကြာခင် သူ့ရဲ့သားအကြီးကောင်လေးကိုလည်း
တရုတ်ပြည်မှာအလုပ်လုပ်ဖို့ ထည့်ပေးလိုက်အုန်းမှာလို့ ပြောပါသေးတယ်။ ။
မိသားစုကျမ်းမာရေးကြောင့် ဆပ်စရာရှိတဲ့အကြွေးတွေကို တွက်ပြရင်း
မျက်ရည်တွေကျနေတဲ့ မသိန်းစိုးက အခုဖျားနေတဲ့ကလေးအတွက်
"ကျွန်မ အင်္ဂလိပ်ဆေးခန်း မပြနိုင်တော့ဘူး ဒီကလေးကို ။ မြန်မာဆေးက
တစ်ထောင်ကန်တော့ထားရင် ပျောက်တဲ့အထိကို ကုပေးတယ်။ "
No comments:
Post a Comment