Friday, February 7, 2014

ကျွန်မဘယ်လို လုပ်ရမလဲမသိတော့ဘူး ..

ကျွန်မဘယ်လို လုပ်ရမလဲမသိတော့ဘူး ..


"ကျွန်မဘယ်လို လုပ်ရမလဲမသိတော့ဘူး .." လို့ သုံးလအရွယ် သမီးငယ်ကို ချီထားတဲ့ မသင်းစိုး က ဝေးကိုလှမ်းကြည့်ရင်း တိုးတိုးပြောပါတယ်။ သူ့လက်ထဲမှာ အီရင်း နည်းနည်းလေးရုန်းနေတဲ့ ကလေးရဲ့ကိုယ်ကတော့ ခြစ်ခြစ်တောက်နေလို့ပါ။ လွန်ခဲ့တဲ့ လေးလလောက်က လည်း မသင်းစိုးရဲ့ ငါးနှစ်အရွယ် သားအကြီးက သွေးလွန်တုတ်ကွေးဖြစ်ပြီး ဆေးရုံတက်ခဲ့ရပါသေးတယ်။
"သူ့ဖေ ရွှေတော သွားစုလာတဲ့ ပိုက်ဆံလေးသိန်း အဲ ပခုက္ကူ ဆေးရုံသွားကုရတာ ကုန်ပါရော " အဓိကကုန်ကျစရိတ်ကတော့ သွေးသွင်းစရိတ်နဲ့ ဆေးဖိုးများပါတယ်။ အဲဒီတုန်းက မသင်းစိုးက အခုချီထားတဲ့ကလေး ကိုယ်ဝန်ရင့်မာကိုလွယ်ထားရတယ်လိ
ု့ဆိုပါတယ်။ "အဲဒီတုန်းက ကလေးကို ပခုက္ကူဆေးရုံလိုက်ပို့ပေးတဲ့ ကားခမပေးနိုင်သေးဘူး ။ "မြို့ခံနာရေးကူညီမှုအသင်းကို လှုရမယ့် ကားခမပေးနိုင်သေးတာထက် အခုလက်ထဲမှာချီထားတဲ့ ကလေးကို မွေးပေးတဲ့ လက်သည် ဆရာမဆီကိုလည်းကန်တော့ကြေးမပေးနိုင်သေးပါဘူး။ ကလေးအဖေကတော့ တစ်ရက်တစ်ထောင့်ငါးရာ ၀င်ငွေဘဲရှိတာပါ။ အခုတော့ တရုတ်ပြည်ကို အလုပ်လုပ်ဖို့ပြန်ထွက်သွားပါပြီ။ "ကလေးဖေက ရွှေတောက ပါလာတဲ့
ငှက်ဖျားနဲ့ တော်တော်ဖျားနေတာ နောက်သူလည်း ဒီအကြွေးတွေဆပ်ရမှာနဲ့ ဘာနဲ့ အိမ်ကေ ကြာင်အိမ်လေးရောင်း ဆေးထိုးပြီး တရုတ်ပြည်ထွက်သွားတာဘဲ " ပုံမှန်အားဖြင့် သူတို့မြို့မှာက ဆေးခန်းတစ်ခါပြပြီးဆေးထိုးရင် တစ်ထောင် ထောင့်ငါးရာသာကျတာပါ။ ဒါပေမယ့် ထောင့်ငါးရာသာဝင်ငွေရှိတဲ့ မသိန်းစိုးတို့မိသားစုအတွက်ကတော့ မလွယ်လှပါဘူး ။ မသိန်းစိုးက မကြာခင် သူ့ရဲ့သားအကြီးကောင်လေးကိုလည်း တရုတ်ပြည်မှာအလုပ်လုပ်ဖို့ ထည့်ပေးလိုက်အုန်းမှာလို့ ပြောပါသေးတယ်။ ။ မိသားစုကျမ်းမာရေးကြောင့် ဆပ်စရာရှိတဲ့အကြွေးတွေကို တွက်ပြရင်း မျက်ရည်တွေကျနေတဲ့ မသိန်းစိုးက အခုဖျားနေတဲ့ကလေးအတွက် "ကျွန်မ အင်္ဂလိပ်ဆေးခန်း မပြနိုင်တော့ဘူး ဒီကလေးကို ။ မြန်မာဆေးက တစ်ထောင်ကန်တော့ထားရင် ပျောက်တဲ့အထိကို ကုပေးတယ်။ "

သားသမီး ဇနီးမယားကိုပြုစုခြင်း

သားသမီး ဇနီးမယားကိုပြုစုခြင်း

ပုတ္တဒါရဿ သင်္ဂဟော

မာတာပိတု ဥပဋ္ဌာနံ၊
ပုတ္တ ဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမမ္မန္တာ၊
ဧတံ မင်္ဂလ မုတ္တမံ။ ။


မင်္ဂလာတရားတော်နဲ့ ပတ်သက်ပြီးတော့ မင်္ဂလာတရားရဲ့ အဓိပ္ပာယ်က ကြီးပွားတယ်၊ တိုးတက်တယ် အောင်မြင် ချမ်းသာကြောင်း ကြီးပွားတိုးတက် အောင်မြင် ချမ်းသာကြောင်း အလုပ်မှန်သမျှဟာ မင်္ဂလာပဲလို့ မင်္ဂလာနဲ့ပတ်သက်ပြီး သဘောပေါက်ကြပါတယ်။

တချို့တချို့သော ပုဂ္ဂိုလ်တွေဟာ နံနက်မိုးသောက် အလင်းရောက်ရင် မင်္ဂလာရှိချင်လိုက်တာ၊ အကြောင်းကြီါ်ငယ် ကြုံလာရင် မင်္ဂလာရှိချင်လိုက်ကြတာလို့ စိတ်ထဲမှာ ဖြစ်တတ်ကြပါတယ်။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားကတော့ မင်္ဂလာတရားနဲ့ ပတ်သက်ပြီး အချိန်မရွေး မင်္ဂလာရှိ စေချင်တယ်။ မနက်ရော၊ နေ့လယ်ရော၊ ညဥ့်ရော အချိန်မရွေးကို မင်္ဂလာရှိစေချင်တယ်။ အချိန်မရွေး ကြီးပွားတိုးတက်အောင်မြင် ချမ်းသာစေချင်တယ်။ ဒါကြောင့်မို့ အချိန်မရွေး မင်္ဂလာရှိဖို့ရာအတွက် မင်္ဂလာတရားတော်တွေကို သုံးဆယ့်ရှစ်မျိုးဟောပေးခဲ့ပါတယ်။

အမေအဖေ မိဘကိုလုပ်ကျွေးတာ မင်္ဂလာရှိတယ်။ ကြီးပွားချမ်းသာ တိုးတက်အောင်မြင်တယ်။ ဟုတ်ပြီ၊ ကြီးပွားချမ်းသာတိုးတက် အောင်မြင်တယ်။ သားသမီးတွေက မိဘကို လုပ်ကျွေးလို့ပါပဲ။

ဒါဖြင့် မိဘတွေဘက်ကရောဆိုတော့ မိဘတွေကလည်း သားသမီးတွေကို ပုတ္တဒါရဿ သင်္ဂဟော။ သားသမီးကို ချီးမြှောက်ရမယ်။ ဇနီးမယားကိုလည်း ချီးမြှောက်ရမယ်။ ခင်ပွန်းယောကျားကိုလည်း ချီးမြှောက်ရမယ်။ ဒီလိုဆိုရင် မပျက်မစီး ကြီးပွားပြီး မင်္ဂလာရှိပါတယ်။

အမှန်က တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးမှာ မိဘဆိုတာ အမေဆိုတာ၊ မိဘဆိုတာ အဖေဆိုတာ သားသမီးတွေအပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခတရားတွေ တအားကြီးမားကြပါတယ်။ မေတ္တာရှိကြတယ်။ သားသမီးတွေအပေါ်မှာ ကရုဏာလည်း ရှိကြပါတယ်။ မုဒိတာလည်း ရှိကြပါတယ်။ ဥပေက္ခာလည်း ရှိကြပါတယ်။

သနားစရာရှိရင် သနားတတ်တဲ့ ကရုဏာ၊ ၀မ်းသာစရာရှိရင် ၀မ်းသာတတ်တဲ့ မုဒိတာ၊ သနားရာကနေပြီးတော့ သနားရတဲ့ ဘ၀ကနေ လွတ်စေချင်တဲ့မေတ္တာ၊ ၀မ်းသာစရာ ဘ၀မျိုးကိုတစ်သက်လုံးတွေ့ချင် မြင်ချင်တဲ့မေတ္တာ၊ သြော် - သတ္တ၀ါတစ်ခု ကံတစ်ခုဆိုပြီး အနည်းဆုံး နှလုံးသွင်းတတ်တဲ့ ဥပေက္ခာ ဥာဏ်။ အဲဒိမေတ္တာ ကရုဏ မုဒိတာ ဥပေက္ခာတွေရှိတဲ့ မိဘတွေက သားသမီးတွေ အပေါ်မှာ ပြုစုစောင့်ရှောက်ရပါမယ်။

ပုတ္တဒါရဿ သင်္ဂဟော - သားသမီးတွေအပေါ်မှာ စောင့်ရှောက်ရမယ်၊ ဒါတင်မကဘူး ခင်ပွန်းကလည်း ခင်ပွန်းယောကျား ၀တ္တရားအနေနဲ့ ဇနီးမယားကို စောင့်ရှောက်ရပါမယ်။ ဇနီးမယားကလည်း ဇနီးမယားတာဝန် ၀တ္တရားအနေနဲ့ ခင်ပွန်းယောကျားကို စောင့်ရှောက်ရပါမယ်။ ဒါတွေက မင်္ဂလာပါပဲ။

ဒီမင်္ဂလာတွေက နံနက်မိုးသောက် အလင်းရောက်လို့ မင်္ဂလာရှိရမယ်ဆိုတာထက် အချိန်မရွေး မင်္ဂလာရှိရမယ့်တရားမျိုး၊ အချိန်မရွေးမင်္ဂလာရှိစေတဲ့ တရားမျိုးပါ။ သားသမီးတွေကလည်း မိဘကို ပြုစုလုပ်ကျွေးရတာ မင်္ဂလာလို့ပြောခဲ့ပြီးတော့ ဒီတစ်ခါမိဘတွေက သားသမီးတွေကို ခင်ပွန်းယောကျား၊ ဇနီးမယားတွေ အချင်းချင်းပြုစုစောင့်ရှောက်ရမယ်လို့ ပြောချင်ပါတယ်။ တကယ်ပြောတော့ မေတ္တာ ကရုဏာမုဒိတာ ဥပေက္ခာတွေက အမေ့မှာလညှ်းရှိတာပဲ။ အဖေ့မှာလည်း ရှိတာပဲ။ သားသမီးမှာလည်း ရှိတာပါပဲ။ မိဘမှာလည်း ရှိတာပဲ။


ဒီစိတ်ဓာတ်ကောင်းတွေဟာ မိဘမှာတင် ရှိလို့မရတော့ဘူး။ မိသားတစ်စုဆိုတာ မိဘက သားသမီးအပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတွေ ထားနိုင်သလို သားသမီးတွေကလည်း မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတွေထားနိုင်မှ မိဘကိုပြုစုလို့ရပါတယ်။ မိသားစုတစ်စုဆိုတာက မေတ္တာဓာတ်တွေ စုဝေးပြီးတော့၊ ကရုဏာဓာတ်တွေ စုဝေးပြီးတော့၊ မုဒိတာဓာတ်တွေ စုဝေးပြီးတော့၊ ဥပေက္ခာဓာတ်တွေနဲ့ စုဝေးပြီးတော့ နေကြတာကို မိသားစုလို့ ခေါ်တာပါ။

ခုခေတ် ခုအခါမှာ အရင်ခေတ်နဲ့ မတူတာက အရင်တုန်းက ကြီးပွားတယ်။ တိုးတက်တယ်။ အောင်မြင်တယ်။ ချမ်းသာတယ်ဆိုတဲ့ မင်္ဂလာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြီးပွားတိုးတက် ချမ်းသာတာကို အခြေခံတယ်။

အခုအခါ စိတ်ဓာတ်ပိုင်းဆိုင်ရာက ကြီးပွားတိုးတက် ချမ်းသာတာတွေကို မင်္ဂလာရှိတယ်လို့ သတ်မှတ်ရာကနေပြီးတော့ စိတ်ဓာတ်တွေတိုးတက်အောင်မြင် ကြီးပွားချမ်းသာရင် ရုပ်ပိုင်းဆိုင်ရာ ရုပ်ဓာတ်တွေလည်း ကြီးပွားချမ်းသာအောင်မြင် တိုးတက်ရှာမှာပါပဲ။ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကြီးပွားတိုးတက် ချမ်းသာတာအထိကို မင်္ဂလာရှိတယ်လို့ ဘုန်းတော်ကြီးမြတ်စွာဘုရားက ညွှန်းပါတယ်။ ခုခေတ် ခုအခါကျတော့ ရုပ်ပိုင်းဆိုင်ရာ ကြီးပွားတိုးတက် ချမ်းသာတာကိုပဲ မင်္ဂလာရှိတယ်။ ကောင်းတယ်။ ချမ်းသာတယ်လို့ ဒီလို ပြောလာကြတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ မင်္ဂလာရှိမှုတွေ အားနည်းလာကြတယ်။

ဒါကြောင့်မို့ သားသမီးတွေက အမေ အဖေကို ပြုစုတယ်ဆိုတာ အလွန်ရှားလာတယ်။ ဒီခေတ်ဒီအခါမှာ တချို့ဆိုရင် အို ဒီအမေ ဒီ အဖေက မွေးထားတာပဲ ကျွေးပေါ့ဆိုတဲ့ စကားလုံးတွေအထိ ပြောလာကြတယ်။ ပစ္စည်းဥစ္စာချမ်းသာတာ၊ ဆင်းရဲတာနဲ့ မဆိုင်တော့ဘူး။ စိတ်ဓာတ်တွေ မင်္ဂလာနည်းလာကြတယ်။ မင်္ဂလာပျက်လာတယ်။ စိတ်ဓာတ်အင်အားတွေ ချမ်းသာမှု နည်းလာတယ်။ ဒါကြောင့်မို့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာဟာ လူတိုင်းပြည့်စုံဖို့ဆိုတာ တော်တော်ရှားလာပါတယ်။ အဓိက ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ပိုင်းကတော့ ကောင်းသထက် ကောင်းလာရင် မင်္ဂလာရှိပါတယ်။

ပုတ္တ ဒါရဿ သင်္ဂဟော။ သားသမီးကို မိဘက ပြုစုစောင့်ရှောက်ရတာဟာ မင်္ဂလာပါပဲ။

ဒီနေရာမှာ မိဘကိုသားသမီးက ပြုစုစောင့်ရှောက်တာက မင်္ဂလာ၊ သားသမီးကို မိဘကပြုစုစောင့်ရှောက်တာကလည်း မင်္ဂလာပါပဲ။ များသေားအားဖြင့် ပြောနေကြတာကတော့ စုန်ရေကို ပြောနေကြတယ်။ မိဘတွေကသာ သားသမီးတွေအပေါ် ပြုစုစောင့်ရှောက်တာ များပါတယ်။ သားသမီး ဆယ်ယောက်မွေးထားရင် မိဘနှစ်ယောက်က ကျွေးမွေးနိုင်တယ်။ သားသမီး ဆယ်ယောက်က မိဘနှစ်ယောက်၊ သို့မဟုတ် တယောက်ကို မကျွေးမွေးနိုင်ဘူးလို့ ပြောနေကြတယ်။ ဆန်ရောလို့ ပြောကြတယ်၊ ဖွင့်ဆိုကြတယ်။

ဘုန်းတော်ကြီးမြတ်စွာဘုရားရဲ့ မင်္ဂလာတရားတော်အရဆိုရင်တော့ သားသမီးကလည်း မိဘကိုပြုစုလုပ်ကျွေးမှာပဲ၊ မိကကလည်း သားသမီးကိုပြုစုစောင့်ရှောက်တာပါပဲ။ ဒါဟာ ၀တ္တရားပါပဲ။ စုန်ရေရော ဆန်ရေရော နှစ်မျိုးစလုံး မင်္ဂလာရှိပါတယ်။

ဝတ္တရားဆိုတာ ကျင့်ခိုင်းတဲ့တရား၊ ပေးအပ်တဲ့တာဝန် အဲသလိုမဟုတ်ပါဘူး။ စိတ်ဓာတ်တွေက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စိတ်ဓာတ်တွေရှိလို့ကို တစ်ဦးနဲ့တစ်ဦး မိသားစုတွေ အပြန်အလှန်လှန် ပေါင်းသင်းကူညီ စောင့်ရှောက် ထိန်းသိမ်းဆောင်ရွက်နေကြတာပါ။

စုန်ရေဆိုတဲ့ စကားဟာ အသက်အရွယ်ကြီးပြီး၊ အတွေ့အကြုံများတဲ့ မိဘတွေကသာ သားသမီးတွေအပေါ်မှာ မေတ္တာထားနိုင်တယ်။ ဒီလိုသဘောကို စုန်ရေလို့သုံးကြတယ်။ မင်္ဂလာနဲ့ပတ်သက်ပြီး အဲ့ဒီလို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် တချို့မိဘတွေက သားသမီးတွေကို ပြည့်ပြည့်၀၀ မစောင့်ရှောက်ပေမဲ့ သားသမီးတွေက မိဘကိုပြန်ပြီး ပြည့်ပြည့်၀၀ စောင့်ရှောက်တာတွေ တစ်ပုံးကြီးပါပဲ။ အဲဒီလိုလည်း လောကမှာရှိပါတယ်။

စုန်ရေနဲ့ ပတ်သက်ပြီး မိဘမေတ္တာတစ်ခုတည်းကိုသာ မသုံးလိုပါဘူး။ သုံးချင်တဲ့အဓိပ္ပာယ်က ကရုဏာနဲ့ သနားတာဟာ သနားတာသက်သက်ပဲ။ ကိုယ့်ကို ဘာပြန်ပေးပါစေဆိုတာ မပါဘူး။ အပေးပဲရှိတယ်။ အယူမရှိဘူးဆိုတာ ကရုဏာရဲ့ဓာတ်။ ၀မ်းသာစရာရှိရင် ၀မ်းသာလိုက်မှာပဲ။ ကိုယ့်ကျပြန်ပြီး မျက်နှာချို သွေးပါစေဆိုတာ မပါပါဘူး။ အဲ့ဒါမုဒိတာဓာတ်။ မေတ္တာဆိုတာ သေသေချာချာ ရှင်းပြစရာ မလိုလောက်အောင်ထိ ဒီလူတွေ သိကြပါတယ်။

အခု တရားနာနေတဲ့ သူတော်ကောင်းတွေထဲမှာ မိဘနေရာ ၀င်စားတဲ့သူတွေလည်း ရှိမှာပါပဲ။ သားသမီးနေရာပါနေတဲ့သူတွေလည်း ရှိမှာပါပဲ။ ဘယ်သူက ဘယ်သူ့အပေါ် မေတ္တာာထားသလဲဆိုတော့ သားသမီးတွေ အားနည်းနေလို့မိဘတွေက ကရုဏာ မုဒိတာ မေတ္တာတွေ ထားရတာရှိသလို၊ မိဘတွေအဆင်မပြေလို့ သားသမီးတွေက မေတ္တာ ကရုဏာ မုဒိတာ ထားနေတာလည်း အများကြီးပါပဲ။

တကယ့် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဆိုတဲ့ ဒီစိတ်ဓာတ်ကောင်းတွေကို တကယ့်စုန်ရေလို့ပြောရင် အဆန်မရှိပါဘူး။ ကိုယ်ကသာပေးလိုက်မှာ ပြန်လာအောင် မျှော်ရိုးထုံးစံမရှိပါဘူး။ အဲဒိစိတ်ဓာတ်တွေကို မင်္ဂလာရှိတယ်လို့ ခေါ်ပါတယ်။

လောကမှာ များသောအားဖြင့်က တစ်ဦးနဲ့တစ်ဦး အပေးအယူ သဘောနဲ့ ဆက်ဆံနေကြတယ်။ အသွားအပြန် ဆက်ဆံနေကြတယ်။ အဲဒီလို ဆက်ဆံမှုထဲမှာ မေတ္တာဓာတ်တွေ ဒီလိုဓာတ်ကောင်းတွေမပါဘူး။ အစုန်သက်သက်ပဲ။ အဲဒီတော့ မိဘကပိုပြီး သားသမီးပြုစုစောင့်ရှောက်တယ်၊ သားသမီးကပိုပြီး မိဘကိုပြုစုစောင့်ရှောက်တယ် အဲဒီလို မဟုတ်ပါဘူး။ လောကမှာ မေတ္တာသဘောတွေကို သေသေချာချာတွေ့ဖူး မြင်ဖူးနေကြတာပဲ။

ကိုယ့်မိသားစုအချင်းချင်း ခင်ပွန်းယောကျားဇနီး မယားအချင်းချင်း မေတ္တာတွေ ထားလိုက်ကြစမ်းပါ။ ကရုဏာတွေ မုဒိတာတွေ ဥပေက္ခာတွေလည်း ထားလိုက်ကြစမ်းပါ။ သားသမီးတွေကို ကိုယ်က စောင့်ရှောက်ပါလျက်နဲ့ စောင့်ရှောက်မှုကို ခံနိုင်တဲ့သတ္တိ သူတို့မရှိလို့ စောင့်ရှောက်တာကို လက်မခံရင် ဥပေက္ခာထားရုံပေါ့။ သားသမီးတွေဖက်ကလည်း မိဘတွေကို ကျွေးမွေးပါတယ်။ စောင့်ရှောက်ပါတယ်။ တချို့မိဘတွေက လက်မခံဘူး။ သူလက်ခံနိုင်တဲ့ စွမ်းအားမရှိလို့ အကျိုးပေးကံ မပါလို့ရှိရင် နေလိုက်ပေါ့ ဥပေက္ခာ။ အဲ့ဒီလိုမျိုး ဥပက္ခာတရားလည်း လက်ကိုင်ထားရပါတယ်။ သားသမီးတွေကိုစောင့်ရှောက်ရမယ့်ဝတ္တရား မိဘတွေမှာ ရှိပါတယ်။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှုမျှဝေ၍ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွင်သားတို့တာ။ သးသမီး ၀တ္တရားတွေလည်း ရှိပါတယ်။ မိဘ၀တ္တရားတွေလည်း ရှိပါတယ်။ နှစ်ဖက်စလုံးအတွက် ဘုရားက ဟောတော်မူပါတယ်။

အဲဒီကျင့်ဝတ်တွေကို ဒီခေတ် ဒီအခါကျတော့ တချို့က ရယ်စရာကြီးတောင် ထင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်္ဂလာနဲ့ပတ်သက်ပြီး စိတ်မပွားနဲ့ပေါ့။ တစ်လောကလုံးလည်း မေတ္တာရှိရတယ်။ ဒေါသမပွားနဲ့ပေါ့။ နှစ်ဦးထဲမေတ္တာကို အားလုံးနားလည်သလို မိသားစုမေတ္တာကိုလည်း အားလုံးနားလည်နိုင်ကြပါတယ်။

တလောကလုံးနဲ့ ပတ်သက်တဲ့ မေတ္တာကျတော့ ဘုရားအလောင်း သူတော်ကောင်းကြီးတွေထားတဲ့ မေတ္တာမျိုးတွေပါပဲ။ ဘုရားလောင်း မဟုတ်သော်မှ တကယ်မြင့်မြတ်တဲ့ သူတော်ကောင်းဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေထားတဲ့ မေတ္တာမျိုးပါ။ အဲဒီမေတ္တာမျိုးကို ကိုယ်က မွေးသွား၊ အားထုတ်သွားကျင့်သွား၊ နှလုံးသွင်းသွား၊ စိတ်ထဲမှာထားပြီးနေရင် ကိုယ်လည်း ကြီးပွားတိုးတက်တယ်၊ အောင်မြင်တယ်၊ မင်္ဂလာရှိပါတယ်။ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေလည်း မင်္ဂလာ ရှိလာကြပါတယ်။

မိဘက သားသမီးကို ဘယ်လိုပြုစုရမယ်လို့ ဒီလိုပြောစရာ မလိုလောက်တော့ပါဘူး။ သားသမီးတွေကလည်း မိဘကို ဘယ်လိုပြန်ပြီး ပြုစုစောင့်ရှောက်လို့ ပြောစရာမလိုလောက်တော့ပါဘူး။ မေတ္တာကရုဏာ မုဒိတာ ဥပေက္ခာဓာတ်တွေ ရှိဖို့က အဓိကပါပဲ။

အဲဒီမေတ္တာသည်ပင်လျှင် သမထ မေတ္တာမျိုးဖြစ်နိုင်သလို၊ ၀ိပဿနာကို ဖြစ်စေတဲ့ မေတ္တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကရုဏာလည်း ထို့အတူပါပဲ။ မုဒိတာလည်း ထို့အတူပါပဲ။ ဥပေက္ခာတရားတွေများ စိတ်ဓာတ်စွမ်းအားတွေများ မင်္ဂလာရှိလာပြီး ဆတက်ထမ်းပိုး တိုးတိုးလာရင် ကောင်းကျိုးချမ်းသာတွေ အများကြီး ရပါတယ်။

တစ်ဦးပေါ်တစ်ဦး မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ရှိဖို့ဆိုတာဟာ ကိုယ့်စိတ်သန္တာန်မှာကို မေတ္တာ ရှိဖို့ဆိုတာဟာ ကိုယ့်စိတ်သန္တာန်မှာကို မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဓာတ်တွေ သူတော်ကောင်းဓာတ်တွေ၊ မင်္ဂလာရှိတဲ့ စိတ်ဓာတ်တွေရှိအောင် ကြိုးစားမှ ဖြစ်ပါမယ်။ ကြိုးစားရင် မင်္ဂလာတွေ တိုးပွား တိုးတက်ကြီးပွား အောာင်မြင်ချမ်းသားပြီးတော့ မိမိတို့ ရည်မှန်းတဲ့အတိုင်းလောကီကောင်းကျိုး ချမ်းသာတွေရော၊ လောကုတ္တရာကောင်းကျိုး ချမ်းသာတွေရော ရရှိခံစားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။
ဓမ္မဒူတဆရာတော်(မှော်ဘီ) ၏ “မင်္ဂလသုတ္တန်တရားတော်အရ တရားအားထုတ်နည်း” စာအုပ်မှ ကူးယူဖော်ပြသည်

စားဖားလား ဖားစားလား

စားဖားလား ဖားစားလား


ကျမတို့မြန်မာနိုင်ငံမှာဖားတွေ
ကပေါသား။ ဖားသားစားသူတွေလည်းများသလို စားဖားတွေလည်းများသည်။ ဖားတွေရဲ့သဘာဝက သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တ၀ါ မှန်ပေမယ့် ရေမရှိရင် မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝတရားက သူ့ကိုမျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာမှာသူတို့နေသည်။ ရေခန်းတော့မှာကို သူတို့သိသည်။၊
ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိသည်။၊ဖားကလဲအမျိုးမျိုးရှိသည်။၊ အွန်အွန်နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း အော်တတ်တဲ့ နေရာကိုအတင်းလုနေတဲ့နှစ်ချို့စားဖားကြီးတွေရှိသလို ‘အုံအင် အုံအင်’ နဲ့ ဆက်တိုက်အော်လိုက် ခဏနားလိုက် ပြန်အော်လိုက်နဲ့ အသံစာစာနဲ့ ဖားအင်းတွေရှိသည်။ ကက်ကက် ကက်ကက်’
နဲ့အော်တတ်ပြီး ရေအ၀သောက်တွင်းထဲကိုယက်ပြီးစည်း ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိသည်။ တနေရာထဲမှာ အငြိမ်မနေ ဟိုခုန်ကူးလိုက်ဒီခုန်ကူးလိုက်နဲ့လူးနဲ့ လေတိုက်ရာ လွင့်လူး သားပေါင်းညာစားဖားပေါင်စင်းအသေးစားတွေလည်းရှိသည်။ ဖားဆိုပေမဲ့ လျော့တော့မတွက်နဲ့ သူလည်းအသားစားသတ္တ၀ါ၊ သူထက်ငယ်တဲ့ သူနိုင်တဲ့ အကောင်မှန်သမျှ အကုန်စားသည်။ သူထက်အားနည်းတဲ့ရေသတ္တ၀ါအငယ်တွေကိုစားသည်။ တချို့နှစ်ချို့စားဖားကြီးတွေဆိုရင် အရွယ်အစားကြီးတဲ့ငါး ငှက်ပုစွန်ဒီတောင်စားသည်။ သူတို့တွေကသိပ်အကင်းပါးသည်။ တနေရာအခြေအနေမဟန် တနေရာ အပြောင်းမြန်သည်။ အခြေအနေမဟန် ရင်တနေရာပြောင်းကပ် သူတို့နေရာခိုင်မာမည့်နေရာကိုသာအဓမ္မ လုယက်နေထိုင် တတ်သည့် စားဖားများဖြစ်သည်။ ဖားတွေအမျိုးမျိုးရှိသလိုဒီလိုပါပဲ ဖားတွေလိုမျိုး လူဘ၀မှာလည်း “အထက်ဖား အောက်ဖိ” “ဖော်လံဖား”“ စားဖား” “ နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” ဆိုပြီး များမှများပဲ။ ဗိုလ်ချုပ်အောင်ဆန်းကတော့“ စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့ မိန့်ခွန်းထဲ ထည့်ပြောခဲ့တာဖတ်ဖူးခဲ့သည်။ စားဖားတွေ ကို ဖားစားသူတွေ သိပ်ကြိုက်ကြတတ်ကြသည်။ အဖိနှိပ်ခံမြေဇာပင်တွေကို ဗန်းပြပြီး စားဖားတွေနဲ့ ဖားစားသူတွေ ပေါင်းပြီးလုပ်စား နေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ပါပဲလေ။ ပညာမတတ်သူက တတ်ချင်ယောင်ဆောင် တတ်ယောင်ကားနဲ့ခေါင်းဆောင်ပိုင်းပညာကို သိသာသိပြီး တတ်လည်းမတတ်တဲ့လူတတ်ဆိုသူတွေရဲ့အောက်မှာမြေဇာပင်တွေအတုန်းအရုန်းနဲ့ပါ။ ရွေးကောက်ပွဲဆိုတဲ့အသံကြောင့် မိုးပဲရွာတော့မလိုလိုအသံပေးကာ ဖားမျိုးစုံတို့ ဆူညံနေကြတာ တလောကလုံးကို ဆူညံပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့တချို့လူတွေ မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအိုင်အုံအင်နဲ့ ဟောင်ဖွာဟောင်ဖွာလုပ်နေကြသူများသည်။ ထိုကြောင့်စာဖတ်သူတွေလည်း စားဖားသူလား ဖားစားသူလား မကွဲပြားတော့တဲ့ မြို့ပျက်ကြီးထဲမှာစာဖတ်သူများက တီကောင်ဖြစ်မလား။
လင်းယုန်ဖြစ်မလားဆိုတာ.................။

ထားဝယ်လူမျိုးများဟာ ဗမာအုပ်စုထဲမှာမပါတဲ့ ထားဝယ်တိုင်းရင်းသားစစ်စစ်သာဖြစ်တယ်



ထားဝယ်လူမျိုးများဟာ ဗမာအုပ်စုထဲမှာမပါတဲ့ ထားဝယ်တိုင်းရင်းသားစစ်စစ်သာဖြစ်တယ်


ဆိုတာ သမိုင်းကသက်သေခံလျက်ပါ။

ထားဝယ်မြို့ဟောင်း (သာဂရ)၏ မြို့တည်သက္ကရာဇ်မှာ အေဒီ (၇၅၁/၇၆၁) တွင် ဆင်ဖြူရှင် မဟာနရိန္ဒမင်း၏သားတော် သမန္တမင်း (၁၁၃ -၁၂၈)မှ တည်ခဲ့ကြောင်းတွေ့ရှိရပါလိမ့်မည်။ သမိုင်းတွင် စည်ပင်ဖွံ့ဖြိုးသော ပျူလူမျိုးတို့၏ သရေခေတ္တရာသည် ခရစ်နှစ် (၅)ရာစုမှ (၈) ရာစုအတွင်း ထွန်းကားခဲ့သည်ဟူသော သုတေသနတွေ့ရှိချက်များက ကျွန်တော်တို့ သာဂရမြို့ဟောင်း၏ ခေတ်ပြိုင်နှစ်ကာလများကို မီးမောင်းထိုးပြနေ၏။

အေဒီ (၈၄၉)ခုနှစ်တွင် ပထမဆုံးသော မြန်မာ(ဗမာ)နေပြည်တော်အဖြစ် ပျဉ်ပြားမင်းတည်ထောင်ခဲ့သော ပုဂံနေပြည်တော်ထက်နှစ်ပေါင်း (၉၈) နှစ်စော၍ တည်ရှိခဲ့သော မြို့တစ်မြို့ဖြစ်သည်ကို ထိုခုနှစ်များက ပြောပြနေပါသည်။ ထိုစဉ်က ပျဉ်ပြားမင်း၏အာဏာစက်သည် မြောက်ဘက် ချင်းတွင်းမြစ်ဝှမ်းဒေသ၊ မူးမြစ်ဝှမ်းဒေသတို့မှ တောင်ဘက် တောင်တွင်းဒေသနှင့် မင်းဘူးဒေသအထိလည်းကောင်း၊ အရှေ့ဘက် ရှမ်းတောင်တန်းအထိလည်းကောင်း၊ အနောက်ဘက် ရခိုင်ဒေသအထိလည်းကောင်း ပျံ့နှံ့တည်ရှိခဲ့ပေသည်။

ဆရာကြီးငြိမ်းအေးအိမ်ရဲ့ မြစ်ဖျားရေးကို လှမ်းမျှော်ခြင်းမှ ကူးယူဖော်ပြပါသည်။

ဘိုးတော်ဘုရားလက်ထက် ထားဝယ်သူ/သားပုံ (အင်္လကာကျော်စွာ ဆရာကြီးဦးငွေကိုင်မှ အင်္ဂလန်ပြည် လန်ဒန်မြို့ရှိ ၀ိတိုရိယအဲ(လ)ဘတ် ပြတိုက်ရှိ ဘိုးတော်ဘုရားလက်ထက်ရေး ပုရပိုက်မှ ကူးဆွဲခဲ့သည်)

တရားကျင့်ခြင်း

တရားကျင့်ခြင်း


ဒါနဉ္စ ဓမ္မစရိယာ စ၊
ဥာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊
ဧတံ မင်္ဂလ မုတ္တမံ။
ဘုန်းတော်ကြီး မြတ်စွာဘုရားက နတ်သားတစ်ပါး အမေးရှိလို့ နတ်ပရိတ်သတ်တွေကို ဖြေပေးတဲ့ တရားစကား မင်္ဂလသုတ္တန် တရားတော်မြတ်ကြီးပါ။

ဒါနဉ္စ - အလှူပေးတာလည်း မင်္ဂလာပါပဲ။ ဓမ္မစရိယာစ - တရားကျင့်တာလည်း မင်္ဂလာပါပဲ။ အန၀ဇ္ဖာနိကမ္မာနိ - အပြစ်ကင်းတဲ့ အလုပ်တွေ လုပ်တာလည်း မင်္ဂလာပါပဲ။ ဒီဂါထာမှာ မင်္ဂလာတရားသုံးမျိုးပြပါတယ်။

ကြီးပွားချမ်းသာ တိုးတက်အောင်မြင်စေရင် ဒါမင်္ဂလာတရားတွေပဲ။ ကြီးပွားချမ်းသာ တိုးတက်အောင်မြင်ဖို့ရာ အကြောင်းတွေလည်း မင်္ဂလာတရားပါပဲ။ ဒီဂါထာတော်မြတ်မှာ ဘုန်းတော်ကြီး မြတ်စွာဘုရားက မင်္ဂလာသုံးပါး ဟောထားတော်မူပါတယ်။

ဒါနဉ္စ - ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းဟာလည်း ဒါန။ ပြီးခဲ့တဲ့အပတ်က ဒါနအကြောင်း ပြောခဲ့ပြီးပြီး။ ဒါနအကြောင်းပြောလို့ကတော့ မကုန်နိုင်ပါဘူး။ ဒါနဆိုတဲ့ မင်္ဂလာမည်ပုံဟာ အကုသိုလ်တွေကို ပယ်နိုင်ရင် မင်္ဂလာပါပဲ။ နီဝရဏတွေကို ပယ်နိုင်ရင် မင်္ဂလာပါပဲ။ ကိလေသာတွေကို ပယ်နိုင်ရင် မင်္ဂလာပါပဲ။ ဒုက္ခပေးမယ့် ဆိုးကျိုးဒုက္ခတွေကို ပယ်နိုင်ရင်လည်း မင်္ဂလာပါပဲ။ ဒါန ပေးကမ်းစွန့်ကြဲလှူဒါန်းတာလည်း မင်္ဂလာပါပဲ။

ပြီးတော့ ဓမ္မာစရိယာစ - တရားကျင့်တာလည်း မင်္ဂလာတရားပါပဲ။ တရားကျင့်တာနဲ့ ပတ်သက်ပြီးတော့ ဘုန်းတော်ကြီး မြတ်စွာဘုရားရဲ့ အလိုကျပြောရရင် တရားကျင့်တယ်ဆိုတာ လောကမှာ တရားကျင့်တာရှိတယ်။ မတရားကျင့်တာရှိတယ်။ မတရားကျင့်တာတွေ မလုပ်ဘူးဆိုရင် တရားကျင့်ဖြစ်နေတာတဲ့။

သီလ၊ သမာဓိ၊ ပညာဆိုတာတရားကျင့်စရာသူတော်ကောင်း သိတ္တိတွေပါ။ သူ့အသက် သတ်၊ သူ့ဥစ္စာခိုး၊ သူများအိမ်ရာ လွန်ကျူး၊ မဟုတ်တမ်းတရမ်းပြော၊ လိမ်ညာဝါကြွားပြော၊ ကုန်းချောကြမ်းတမ်းတဲ့စကားတွေဆို၊ သူများပစ္စည်းကို လိုချင်၊ အလကားနေရင်းလိုချင်၊ သူများကိုပျက်စီးစေချင်၊ အယူဝါဒဆိုးလို့ ပြောရလောက်အောင် စိတ်ဓာတ်တွေမဖြောင့်မှန်ရင် ဒါ မကောင်းတဲ့ မတရားတဲ့၊ မကောင်းတဲ့အကျင့် ဒုစရိုက်ဆယ်ပါးလို့ ခေါ်ပါတယ်။

အဲဒီလို မကောင်းသဖြင့်ကျင့်တာကို ဒုစရိုက်လို့ခေါ်ပါတယ်။ မတရားကျင့်တယ် ခေါ်ပါတယ်။ အဲဒါရဲ့ အပြန်အားဖြင့် မကောင်းတာမလုပ်ရင် သုစရိုက်ကျင့်တယ်။ တရားကျင့်တယ် ခေါ်ပါတယ်။ သုစရိုက်ကျင့်တယ်ဆိုတော့ မကောင်းတဲ့အကျင့် မကောင်းတာကျင့်တာတွေကို မလုပ်တော့ဘူး။ တခုရှောင် တစ်ခုသုစရိုက် ဖြစ်တာပဲ။ နှစ်ခုရှောင် နှစ်ခုသုစရိုက်ဖြစ်တာပဲ။ ဆယ်ခုရှောင် ဆယ်ခုသုစရိုက် ဖြစ်တာပါပဲ။ အဲဒိလို သုစရိုက်ဖြစ်အောင် ကျင့်တာမျိုးကို ဓမ္မာစရိယလို့ခေါ်ပါတယ်။

ပြောထားခဲ့တဲ့ မင်္ဂလာတရားတော်တွေနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မင်္ဂလာရှိသွားတယ်။ လုပ်ရပ်ပိုင်းဆိုင်ရာ မင်္ဂလာရှိသွားတယ်၊ အကျိုးပေးနဲ့ဆိုင်ရာ မင်္ဂလာရှိသွားတယ်။ အဲဒီလို မင်္ဂလာနဲ့ပတ်သက်ပြီး အဆင့်ဆင့်ခွဲပြီး ပြောခဲ့တာ ရှိပါတယ်။ ဘုန်းတော်ကြီးမြတ်စွာဘုရားဟောထားတဲ့ “ဓမ္မစရိယတရားကျင့်တယ်၊ တရားကျင့်တဲ့သူကို တရားက စောင့်ရှောက်တယ်။ မတရားကျင့်တဲ့သူကိုတော့ မတရားကပဲ ဖျက်ဆီးတယ်” လို့ဒီလိုပြောခဲ့ဖူးတာ ရှိပါတယ်။

တရားက စောင့်ရှောက်တယ်ဆိုကတည်းက ကောင်းကျိုးချမ်းသာတွေ ပေးနေတယ်။ အကျိုးပေးမင်္ဂလာတွေ ပြည့်စုံတယ်။ တရားကစောင့်ရှောက်နေမှတော့ ဘယ်ဘေး၊ ဘယ်ရန်၊ ဘယ်အန္တရာယ်မျှ ရောက်မလာတော့ပါဘူး။ အဲဒါမကောင်းကျိုးတွေ မဖြစ်တော့ပါဘူး။ တရားကျင့်ချင်တယ်ဆိုရင် သုစရိုက်ဆယ်ပါးကို ကျင့်လိုက်ကြပါ။ ဒုစရိုက်ဆယ်ပါးကို ရှောင်လိုက်ကြပါ။

လောကမှာ တရားဓမ္မလို့ သတ်မှတ်ထားတာတွေ အများကြီးပါ။ ဘုန်းတော်ကြီးမြတ်စွာဘုရားအနေနဲ့ ဓမ္မကိုပြောရင်တော့ ဒါန၊ သီလ၊ ဘာဝနာ၊ ဝေယျာဝစ္စ၊ အပစာယျာန၊ ဓမ္မဒေသနာ၊ ဓမ္မဿဝန၊ ပတ္တိဒါန၊ ပတ္တာနုမောဒနာ၊ ဒိဋ္ဌိဇုကမ္မလို့ ဒီလိုကုသိုလ်ဓမ္မဖြစ်ကြောင်း တရားဆယ်ပါး ရှိပါတယ်။ အဲဒီ ကုသိုလ်ဖြစ်ကြောင်းကိုလည်း ဓမ္မတရားတဲ့ အလုပ်တွေ ကုသိုလ်ဖြစ်မယ့် အလုပ်တွေ၊ ကောင်းကျိုးပေးမယ့် အလုပ်တွေ၊ အကုသိုလ်ပယ်မယ့် အလုပ်တွေ ကုသိုလ်ဖြစ်မယ့်အလုပ်တွေ၊ ကောင်းကျိုးပေးမယ့် အလုပ်တွေ၊ အကုသိုလ်ပယ်မယ့်အလုပ်တွေ ဖြစ်တဲ့အတွက် သူတို့ဟာလည်း မင်္ဂလာအလုပ်တွေလို့ ခေါ်ပါတယ်။

စိတ်ဓာတ်ရေးရာအနေနဲ့ မင်္ဂလာရှိရုံတင်မကဘူး။ အလုပ်လည်း တကယ်မင်္ဂလာရှိအောင် လုပ်ရပါတယ်။ လှူလည်း လှူရတယ်။ သီလလည်းစောင့်ရတယ်။ ဘာဝနာတရားတွေလည်း ပွားများရတယ်။ ဒီအလုပ် ဆယ်မျိုးကို ကုသလကမ္မပထ ဆယ်ပါး၊ ကုသိုလ်ဖြစ်ကြောင်း မင်္ဂလာဖြစ်ကြောင်းဆယ်ပါးကို လုပ်ရ ကျင့်ရတာပါ။ ကုသိုလ်ရအောင်လုပ်ရမယ့် လုပ်ငန်းဆယ်ပါးကို အဲဒါ ဓမ္မစရိယာလို့ ပြောတာပါ။

တရားကျင့်တယ်ဆိုတာ အဲဒီ ဆယ်မျိုးကိုကျင့်တာ။ တစ်မျိုးကျင့်နိုင်ရင် တမျိုးကျင့်၊ ကျေးဇူးများတာပါပဲ။ နှစ်မျိုးကျင့်နိုင် နှစ်မျိုးကျင့်၊ ကျေးဇူးများတာပါပဲ။ ဆယ်မျိုးကျင့်နိုင် ဆယ်မျိုးစလုံးကျင့်၊ ကျေးဇူးများတာပါပဲ။ မင်္ဂလာ တကယ်ရှိချင်တယ်။ ကြီးပွားချင်တယ်။ တိုးတက်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် ဒီဆယ်မျိုးလုံး ကျင့်ကြပါ။

ကြီးပွားစရာတွေကလည်း အများကြီးပါပဲ။ မင်္ဂလာဆိုတာ ကောင်းကျိုးချမ်းသာကို ပေးတယ်။ အမင်္ဂလာကို ပယ်တယ်။ ဆိုးကျိုးတွေ မလာဘူးလို့ ဒီလိုတစ်ခုပြောရုံတင် မကဘဲနဲ့ ပစ္စည်းဥစ္စာချမ်းသာချင်တဲ့ ပုဂ္ဂိုလ်က ဒါနကျင့်ရမှာပဲ၊ လှူရမှာ။ တချို့က ဘယ်လောက်ပဲ ပစ္စည်းဥစ္စာ ချမ်းသာ ချမ်းသာ သီလမပြည့်စုံဘူး။ အဲဒီလို ဓမ္မာစရိယ သီလအကျင့်ကို မကျင့်တဲ့ပုဂ္ဂိုလ်ဟာ အသက်မရှည်ဘူး။ အနာရောဂါများမှာပါပဲ။

ကုသိုလ်တရားအလုပ်ကို ဆယ်ပါးခွဲလိုက်တယ်။ ဒီဓမ္မကျင့်စရာ အကျင့်ခွဲလိုက်တာဟာ အကျိုးပေးတွေ ဆယ်မျိုးကို ပြန်ခွဲတာပါပဲ။ အကျိုးပေးမင်္ဂလာနဲ့ပတ်သက်ပြီး အမျိုးမျိုးရှိကြတဲ့အထဲမှာ ဆယ်မျိုးရှိတယ်လို့ နှလုံးသွင်းပြီးတော့ လုပ်ရမယ့်အလုပ်ဆယ်မျိုး ခွဲလိုက်တာပါ။

လှူရင် ချမ်းသာတဲ့ အကျိုးရမှာပဲ။ ချမ်းသာတဲ့ မင်္ဂလာရှိမှာပဲ။ ပစ္စည်းဥစ္စာချမ်းသာတယ်။ ကိုယ့်ကသူများကို လှူရင် ကိုယ့်ကိုလည်း သူများက ပြန်လှူမှာပဲ။ ကိုယ်က သူများကို ကူညီရင် ကိုယ့်ကိုယ်လည်းသူများက ပြန်ကူညီမှာပဲ။ ဒါတွေကတော့ ဓမ္မသဘောတွေပါ။ တရားက တရားရှိတဲ့သူကို စောင့်ရှောက်တယ်ဆိုတဲ့အတိုင်း စောင့်ရှောက်တာပါပဲ။ ဒါတွေကလည်း နည်းနည်းလိုချင်ရင် နည်းနည်းကျင့်ကြည့်မှ သိရမယ့်တရားသဘောတွေပါ။ များများလိုချင်လည်း များများကျင့်ကြည့်မှ သိရမှာပါ။ လိုချင်တယ်ဆိုတဲ့စကားထက် များများကျင့်လေလေ များများ ပိုသိလာလေ ပါပဲလို့ ပြောချင်သုံးချင်ပါတယ်။

ဒါနပြီးတော့ သီလ။ ဘယ်လောက်ပဲလှူလှူဒါနအကျိုးကြောင့် စီးပွားဥစ္စာပြည့်စုံတယ်။ ဒါပေမဲ့လို့ သီလအားနည်းတဲ့ ပုဂ္ဂိုလ်များကျတော့ ကျန်းမာရေး မကောင်းတာတွေ တစ်ပုံကြီးရှိတတ်ပါတယ်။ အသက်တိုသွားကြတာတွေ တစ်ပုံကြီး။ “ဟာ - ဘုန်းသာကြီးတယ်ကွာ အသက်မရှည်ဘူး” ဆိုတာမျိုးတွေပေါ့။ “ဟာ - အသက်သာရှည်တယ်ကွာ၊ စားစရာ သောက်စရာမရှိဘူး” ဆိုတာမျိုးတွေပေါ့။ လောကမှာ ဓမ္မသဘောတွေက တစ်ကဏ္ဍစီ တစ်ကဏ္ဍစီ အကြောင်းအကျိုး ဆက်စပ်ပြီး ဖြစ်နေတာ။ ဒီလောကမှာကျင့်တဲ့ အကျင့်တရားတွေဟာ တခုကျင့်ရင် တစ်ခုကောင်းကျိုးရတယ်။ ရောထွေးတာမဟုတ်ဘူး။ တစ်ခုစီ တစ်ခုစီ ရှင်းနေပါတယ်။

ဘာဝနာတရား ပွားများတာမှာ သမထ ဘာဝနာပွားများရင် စိတ်ကြည်တယ်။ ၀ိပဿနာဘာဝနာပွားများရင် ဥာဏ်ကောင်းတယ်။ ဟုတ်တယ်။ တချို့ချမ်းသာတယ် လှူခဲ့လို့။ ဒါလည်း တရားကျင့်ခဲ့လို့ပါပဲ။ တချို့က ကျန်းမာရေးကောင်းတယ်။ ဒါလည်းသီလတရား ကျင့်ခဲ့လို့ပါပဲ။ ဒါပေမဲ့ ဥာဏ်မကောင်းရှာဘူး၊ စိတ်ကြည်တာ စိတ်မကြည်တာနဲ့ မဆိုင်တော့ဘူး။ တချို့မျက်ရည်နဲ့မျက်ခွက် ဖြစ်နေရတဲ့ ပုဂ္ဂိုလ်တွေအများကြီးပဲ။

သမထတရား ပွားများအားထုတ်ရင် စိတ်ကြည်တဲ့ အကျိုးရတယ်။ မျက်ရည်နဲ့မျက်ခွက်က လွတ်တယ်ပေါ့။ တချို့ကျတော့လည်း အသိဥာဏ်နည်းလိုက်တာ။ မဆုံးဖြတ်တတ်ရှာဘူး။ မဆောင်ရွက်တတ်ရှာဘူး။ မစီစဉ်တတ်ရှာဘူး။ ၀ိပဿနာတရားကို အားထုတ်ရင် အသိဥာဏ်ကောင်းလာပါတယ်။ ချမ်းသာတာနဲ့ စီစဉ်တတ်တာနဲ့ မဆိုင်ပါဘူး။ တစ်ခုစီ တစ်ခုစီ တခြားစီပါပဲ။ အဲဒီလိုပဲ အကျိုးပေးတွေက ကွာခြားသွားပါတယ်။

မင်္ဂလာရှိရင်ပြီးတာပဲလို့ ဆိုတာမျိုးကတော့ ဟုတ်ပါတယ်။ ကောင်းကျိုးချမ်းသာတွေကိုတော့ ရတာပါပဲ။ ကောင်းကျိုးချမ်းသာတွေကိုတော့ ရတာပါပဲ။ အကျိုးပေးမင်္ဂလာတွေနဲ့ ပတ်သက်ပြီးကောင်းကျိုးပေးတာတွေ အများကြီးရှိပါတယ်။ ဆယ်မျိုးခွဲပြထားတယ်။ ဝေယျာဝစ္စနဲ့ ပတ်သက်ပြီးတော့ ကိုယ်က ပစ္စည်းဥစ္စာချမ်းသာတယ်။ သူများကို ပေးကျွေးနေတယ်။ ဝေယျာဝစ္စတော့လုပ်မပေးဖြစ်ပါဘူး။ ကိုယ့်ကို ဝေယျာဝစ္စ ပြန်ပြီးလုပ်ပေးမယ်လို့မတွက်ပါနဲ့။ ကိုယ်က သူတို့ကို ဝေယျာဝစ္စလုပ်ပေးနေ၊ လုပ်ပေးခဲ့ဖူးမှ သူတို့ကလ်း ဝေယျာဝစ္စ ပြန်လုပ်ပေးတာတွေ ရှိလာမှာပါ။

အပစာယန - လူကြီးသူမတွေကို ရိုသေတယ်။ ကိုယ်က လူကြီးသူမကို မရိုသေဘူးဆိုရင် ကိုယ့်ကိုလည်း ကိုယ့်သားသမီး ဘယ်တော့မျှ မရိုသေပါဘူး။ ကိုယ်က သူများကို ရိုသေတဲ့မင်္ဂလာက ကိုယ့်ကိုသူများက ပြန်ရိုသေတဲ့ အကျိုးပေးမင်္ဂလာကို ရရှိစေပါတယ်။

ဒီသူတော်ကောင်းဓာတ်တွေက တစ်ခုစီ တစ်ခုစီ အကြောင်းအကျိုး ပြန်လှန် ဆက်စပ်နေသလို ဒီ တရားဓာတ်က တရားရှိတဲ့သူကို စောင့်ရှောက်တယ်ဆိုတာ အဲဒီလိုပါပဲ။ အပစာယန - လူကြီးသူမကို ရိုသေတယ်။ ဘုရား တရား သံဃာကို ရိုသေတယ်။ ကိုယ့်လည်း ရိုသေသမှု ပြုတာခံရတာပါပဲ။

နောက်တရားဟောပေးတယ်။ ကိုယ်က သူများကို တရားဟောပေးတယ်။ တရားဟောပေးတယ်ဆိုတော့ ခုလို ပလ္လင်ပေါ်တက်ပြီး ဟောတာမျိုးလည်း တရားဟောတာပါပဲ။ သူတစ်ဦးတစ်ယောက်နားလည်အောင် စာပေသင်ကြားပေးတာလည်း တရားဟောတာပါပဲ။ ကိုယ်ကသူများကို စာတွေပေတွေ စိတ်ပါလက်ပါ သင်ကြားပေးရင် ကိုယ်အတတ်ပညာသင်ရတာ လွယ်တာပေါ့။ ကိုယ်သူများကို ပြောပေးတယ်။ ကိုယ့်ကိုသူများက တရားဟောပေးတဲ့အခါမှာ သေသေချာချာ တရားနာတယ်။ သူများ ဆုံးမပေးတဲ့အခါ သူများအဆုံးအမတွေကို သေသေချာချာ နားထောင်တယ် ဆိုလို့ရှိရင် ကိုယ့်အလှည့်ကျလည်း ကိုယ်ပြောရင် သူများတွေက သေသေချာချာ နားထောင်ပေးပါတယ်။

တကယ်တမ်းကျတော့ တရားတော်တွေက သတ္တိ တစ်ခုစီ တစ်ခုစီခွဲလိုက်ရင် မင်္ဂလာဆိုတာ တစ်ခုတည်းဆိုပေမဲ့ အခု မင်္ဂလာဖြစ်ကြောင်း ဓမ္မစရိယာစ တရားအကျင့်ဆယ်မျိုးမှာ သူ့အပိုင်းသူ့အပိုင်း သူ့ကဏ္ဍစီ ဖြစ်သွားကြ၊ ရှိသွားကြတာပါ။

ကိုယ်ကသူများကို စာပေတွေ ဒီလောက်သင်ပေးလျက်နဲ့ ကိုယ့်စကားကို ဘာလို့ နားမထောင်တာတုံးဆိုရင် ကိုယ်က စာသင်ပေးတာ သက်သက်ပဲ။ ကိုယ်ကသူများကို စာသင်ပေးတယ်။ ကိုယ်က သူများကို ဆုံးမတယ်ဆိုလို့ရှိရင် ကိုယ့်ကိုစာသင်ပေးမယ့်သူ ဆုံးမပေးမယ့်သူပေါ်တာပါပဲ။ ရှိတာပါပဲ။ ဒါပေမဲ့သူများက ကိုယ့်ကို ဆုံးမတယ်။ စာသင်ပေးတယ်။ ကိုယ်က သေသေချာချာ နားမထောင်ဘူးဆိုရင် ကိုယ့်ကျတော့လည်း ဘယ်သူမျှ သေသေချာချာ နားမထောင်ပါဘူး။ ဓမ္မဿဝန တရားနာတာရဲ့ အကျိုဆက်တွေပါ။

ဓမ္မဒေသနာ - တရားဟောတာပါ။ တရားဟောပေးတယ်။ တရားနာတယ်။ ဒါလည်းပဲ ဓမ္မာစရိယာ တရားအကျင့် ကျင့်တာပါပဲ။ မတရားကျင့်တာ မဟုတ်ဘူး။ ပြီးကြတော့ အမျှဝေတယ်၊ ပတ္တိဒါန။ ကိုယ်ပြုထားတဲ့ ကုသိုလ်ကောင်းမှု အစုစုတွေကို သူများတွေကိုလည်း ရစေချင်လို့စိတ်နဲ့ နှုတ်နဲ့ ဝေငှပေးတာပါ။ လုပ်ရပ်လည်း အမြင်ကောင်းတယ်။ မင်္ဂလာပါပဲ။ စိတ်ဓာတ်လည်း စေတနာကောင်းတယ်။ မင်္ဂလာပါပဲ။ အကျိုးပေးလည်း မင်္ဂလာပဲ လာမှာပေါ့။

သူများရဲ့ အသိပညာတွေ သူများရဲ့ ကုသိုလ်တွေ ကိုယ့်ကို အမျှဝေပေးမှာပဲ။ ကိုယ်ကသူများတစ်တွေကို အမျှပေးဝေရင် ကိုယ်က၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သလို သူများလုပ်ရပ်ကို ချီးမွမ်းပြီး သာဓာခေါ်သလို ကိုယ့်လုပ်ရပ်ကိုလည်း သူများတွေက ချီးမွမ်း သာဓုခေါ်မှာပါပဲ။

နောက် အယူလေးဖြောင့်မှန်တာ၊ စိတ်ထားဖြောင့်တာပါ။ အယူဝါဒ ဖြောင့်တာပါ။ ဒီသမ္မာဒိဋ္ဌိလို့ခေါ်တဲ့ စိတ်ထားဖြောင့်တာလေး ရှိကြတဲ့အခါကျတော့ ဇဝေဇ၀ါ မတွေးရတော့ဘူး။ ဒီလိုလေးလား။ ဟိုလိုလေးလား။ ဒီလိုလုပ်ရင် ကောင်းမလား။ ဟိုလိုလုပ်ရင် ကောင်းမလားလို့ တွေးကို မတွေးးရတော့ဘူး။

အဲ့ဒိစိတ်ထားဖြောင့် ကုသိုလ်ဖြစ်အောင် သူများကို ကူညီခဲ့ဖူးတယ်။ မင်္ဂလာရှိအောင် သူမျာကို ကူညီပေးတယ်။ ကိုယ့်စိတ်ကလေး ဖြောင့်ဖြောင့်လေးလို့ အောက်ထစ်ဆုံး အဲဒီလောက်ကလေးထားကြည့်။ အယူဝါဒ သမ္မာဒိဋ္ဌိဖြောင့်တာ ခဏထား။ ဒိဋ္ဌိဇုကမ္မ - စိတ်ဖြောင့်ဖြောင့်လေး ထားကြည့်။ ကိုယ့်ဖြောင့်ဖြောင့်စင်းစင်း ရိုးရိုးသားသားလေးနဲ့ ကူညီခဲ့တယ်ဆိုရင် ကိုယ်ကိုလည်းပြန်ပြီး ကူညီတဲ့သူကလည်း ဖြောင့်ဖြောင့်စင်းစင်းလေး ရိုးရိုးသားသားလေးနဲ့ ပြန်ကူညီမှာပါပဲ။ အဲဒါဓမ္မတရား ဆယ်ပါး၊ ကုသလကမ္မပထ တရားကုသိုလ် မင်္ဂလာဖြစ်ကြောင်း ဆယ်ပါးတွေပါပဲ။

အဲဒိ အကျင့်တွေကို ကျင့်ရတာမင်္ဂလာဖြစ်ပါတယ်။ မင်္ဂလာရှိပါတယ်။ မင်္ဂလာရပါတယ်။ အဲ့ဒိအကျင့်တွေကို တစ်ခုစီကျင့်ရင်တောင် မင်္ဂလာရှိပါတယ်ဆိုရင် ဆယ်ခုစလုံးကျင့်နိုင်ရင်တော့ အလွန်ကောင်းပါတယ်။ အလွန့်အလွန်ကို မင်္ဂလာနဲ့ပြည့်စုံနိုင်ပါတယ်။ ဘယ်လောက်ထိ ပြည့်စုံလာသလဲဆိုတော့ ကိုယ့်ရဲ့စိတ်ဓာတ်ရေးရာ မင်္ဂလာတွေတအား အားကောင်းလာပါတယ်။ အဲဒိ စိတ်ဓာတ်ရေးရာ မင်္ဂလာတွေ အားကောင်းလာရင် စိတ်ဓာတ်ရေးရာ မင်္ဂလာလို့ခေါ်တဲ့ ကိလေသာနီဝရဏတွေ ကင်းလာပါတယ်။ လုပ်ရပ်ရေးရာမင်္ဂလာတွေ အားကောင်းလာရင် ကိုယ့်လုပ်ရပ်လည်း အကုသလိုလ် အမင်္ဂလာ လုပ်ရပ်ဆိုးတွေ မဖြစ်တော့ပါဘူး။ အကျိုးပေးတာတွေက ကောင်းသထက် ကောင်းလာတော့တာပါပဲ။

ဒါကြောင့်မို့ ဓမ္မစရိယာ မင်္ဂလာအနေနဲ့တရားကိုကျင့်ပါ။ တရားကကိုယ့်ကို စောင့်ရှောက်တယ်။ ကိုယ်သိုလ်ကောင်းမှုဖြစ်ကြောင်း ဆယ်မျိုးကိုပြုပါ။ အဲဒီ ကုသိုလ်ကောင်းမှုတွေက ကိုယ့်ကိုစောင့်ရှောက်တယ်။ ဒုစရိုက် မကျင့်သင့် မလုပ်သင့်တဲ့အဓမ္မတွေကို သုစရိုက်စပဲ ပယ်နိုင်ပါတယ်။

သုစရိုက်တရားဆယ်ပါး ကျင့်ကြံ ကြိုးကုတ်အားထုတ်နိုင်သဖြင့် စိတ်ဓာတ်လည်း မင်္ဂလာရှိ လုပ်ရပ်လည်း မင်္ဂလာရှိပြီး၊ ကောင်းကျိုးချမ်းသာမင်္ဂလာတွေ ကြီးပွားတိုးတက် အောင်မြင်တဲ့၊ နိဗ္ဗာန်တိုင်ထိ အောင်မြင်တဲ့၊ နိဗ္ဗာန်ချမ်းသာကို ရနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေ ကုန်သတည်း။ ။

မိန်းမရွေးနည်း

မိန်းမရွေးနည်း

တစ်နေ့မှာ နာရူဒင်ဆိုတဲ့ ခပ်ကြောင်ကြောင်ဖခင်ကို သူ့သားက ပူဆာတယ်။
“အဖေ ကျွန်တော့်အတွက် မိန်းမတစ်ယောက်လောက် ရှာပေးတော့ဗျာ”
“ရရမှာပေါ့.. ငါ့သားရာ...၊ ဒါနဲ့ မင်းက ဘယ်လို မိန်းမမျိုး သဘောကျလဲ”
“ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲရှိတဲ့ မိန်းမမျိုးပေါ့ဗျာ”


“ကောင်းပြီ.. ငါ့သား.. ရစေရမယ်”

ဒီလိုနဲ့ သားအဖနှစ်ယောက် မြို့လည်လမ်းမပေါ် ထွက်လာကြတယ်။ ကြိုပြီး စီစဉ်ထားတဲ့အတိုင်း လူစည်ကားတဲ့နေရာလည်း ရောက်ရော၊ နာရူဒင်က သူ့သားကို နားရင်း သုံးလေးချက်လောက် ဘယ်ပြန်ညာပြန် အုပ်ပေးလိုက်တယ်။
“ကဲ.. မှတ်ပြီလား.. ဟင်၊ ငါခိုင်းတဲ့အတိုင်း လုပ်ဦးကွာ လုပ်ဦးကွာ...”
ဆိုပြီး ပါးစပ်ကလည်း ဆူဆူပူပူ ငေါက်လိုက်သေးရဲ့....။

ဒီမြင်ကွင်းကို ဘေးကနေ လှမ်းမြင်နေတဲ့ အပျိုလေးတစ်ယောက်က မအောင့်နိုင်တဲ့အဆုံး အဖေလုပ်သူအနား ကပ်ပြီး ရန်လာတွေ့တယ်..
“ရှင် လူကြီးဖြစ်ပြီး ယုတ်မာလှချည့်လား၊ ကိုယ့်ခိုင်းတဲ့အတိုင်း လိုက်နာတဲ့ သားကို ဒီလိုပဲ အပြစ်ပေးရသတဲ့လား... ဟင်”

အမျိုးသမီးရဲ့ ရဲရဲဝံ့ဝံ့စကား ကြားပြီး သားဖြစ်သူက အဖေကို ပြောတယ်..
“အဖေ.. ဒီမိန်းမ မဆိုးဘူးပဲ၊ ပြောရဲဆိုရဲ ရှိတယ်”
“အင်း.. မင်းပြောတာ မှန်တယ်၊ ဒါပေမယ့် ဒီထက်ပိုပြီး ပွင့်လင်းတဲ့မိန်းမမျိုး ထပ်ရှာကြည့်ကြဦးစို့ရဲ့”

အဲဂလို ပြောပြီး နောက်ထပ် လမ်းဆုံလမ်းခွ တစ်ခုဘက် နှစ်ယောက်သား ရောက်လာကြပြီး စောစောကလိုပဲ နာရူဒင်က သားကို နားရင်းပါးရင်း အုပ်ပြန်တယ်....။
“ကဲ.. မှတ်ပြီလား.. ဟင်၊ ငါခိုင်းတဲ့အတိုင်း လုပ်ဦးကွာ လုပ်ဦးကွာ...”

အဲဒီမှာလည်း စောစောကလိုပဲ ဘေးက အမျိုးသမီးလေးတစ်ယောက် သူတို့နှစ်ယောက်နား ကပ်လာပြန်တယ်။ ပြီး သူ့အဖေကို ပြောတယ်..
“ကောင်းတယ်... ကောင်းတယ်..၊ ချသာချ...၊ ဖအေအရူးမှန်း သိရက်သားနဲ့ ခိုင်းတဲ့အတိုင်း နောက်က လိုက်လုပ်တဲ့ကောင် နည်းတောင် နည်းသေးတယ်... ချ..ချ၊ နာနာချ..”

အဲဒီမှာတင် နာရူဒင်က သူ့သားကို ပြောတယ်...
“မင်းပြောသလို.. ပထမမိန်းမလည်း သိပ်တော့ မဆိုးဘူး...။ ဒါပေမယ့်... ဒီမိန်းမက စောစောကထက် ပိုပြီး ပွင့်လင်းရဲတင်းတယ်...။ ငါ့သား... ဒီမိန်းမသာ ရွေးလိုက်ပေတော့ကွာ..” တဲ့။ ။

................................................

မွန်မြတ်ဖြူစင်စေတနာရှင်များ အပတ်စဉ်အာရုဏ်ဆွမ်;










မွန်မြတ်ဖြူစင်စေတနာရှင်များ (တနင်္ဂနွေ အရုဏ်ဆွမ်း ) အပတ်စဉ် (၆) ကို လာမည့် ၉.၂.၁၄ ရက်နေ့ အရုဏ်တက်ချိန်တွင် အလှူမဏ္ဍပ်ရှိရာ ရွှေတောင်စားဘုရားလမ်း ပေါ်တွင် သဒ္ဒါဖြူစင် ကြည်လင်စွာဖြင့် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များ အားဆက်ကပ်လောင်းလှူ မည်ဖြစ်ပါသဖြင့် မိတ်သဟာအပေါင်းတို့အား လာရောက်လောင်းလှူကုသိုလ် ယူကြနိုင်စေရန် ရည်ရွယ်၍ ဖိတ်ကြားအပ်ပါသည်။
ဆွမ်းတော်ကပ်ပုံ။
မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အဆင်း၊အနံ့၊
အရသာနှင့်ပြည့်စုံသော ဤ မွန်မြတ်သော ဆွမ်းတော်ကို လှူဒါန်းဆက်ကပ်ပါ၏အရှင်ဘုရား။ဤဆွမ်းလှူရသော
ကောင်းမှုကြောင့် ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏အရှင်ဘုရား။
ဤဆွမ်းလှူရသော ကောင်းမှု၏ အဖို့ကို မိဘ၊ဆရာသမား အစထားလျက် များပြားလှကုန် အလုံးစုံသော သတ္တဝါ
တို့အား အမျှ အမျှ ပေးဝေပါကုန်၏။အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။

ဆွမ်းလှူရကျိုးငါးပါး
(၁)။အသက်ရှည်ခြင်း။
(၂)။အဆင်းလှခြင်း။
(၃)။ခွန်အားဗလကြီးခြင်း။
(၅)။ဥာဏ်ပညာကြီးခြင်း။
ဆောင်။ ။သက်ရှည်၊ဆင်းလှ၊ချမ်းသာရ၊ဗလ ဥာဏ်ပညာ။
ဆွမ်းလှူရကျိုး ၊ ဤငါးမျိုး၊ကျမ်းကိုး အဂုင်္တ္တရာ။(အင်္ဂုတ္တရနိကာယ်၊ပဉ္စကနိပါတ်၊ဘောဇနသုတ်)

ထားဝယ်တွင် လမစေ့သည့် မိန်းကလေး သုံးမြွှာပူးမွေး

 ထားဝယ်တွင် လမစေ့သည့် မိန်းကလေး သုံးမြွှာပူးမွေး






ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းက လမစေ့သည့် မိန်းကလေးသုံးမြွှာပူး မွေးဖွားခဲ့သော်လည်း ယင်းကလေးငယ်များ အသက်ရှင်ရန် ကြိုးစားနေကြောင်း ထားဝယ် ဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန် ဒေါက်တာနှင်းနှင်းလွင်ထံမှ သိရသည်။

လမစေ့ဘဲ မွေးဖွားခြင်းကြောင့် အသက်ရှူသည့် အင်္ဂါအစိတ်အပိုင်းများ မဖွံ့ဖြိုးသေးကြောင်း၊ ထို့ကြောင့် အသက်ရှူရပ်ခြင်း၊ အသားဝါခြင်း၊ ခန္ဓာကိုယ်မှ သွေးထွက်ခြင်း၊ အစာအိမ်မှ အစာလက်မခံနိုင်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်နေကြောင်း ဒေါက်တာနှင်းနှင်းလွင်က ရှင်းပြသည်။
“အသက်ရှင်မယ် ဆိုတာတော့ သေချာပေါက် ပြောလို့မရသေးဘူး။ ကျွန်မတို့လည်း အစွမ်းကုန် စောင့်ရှောက် ပေးနေပါတယ်” ဟု ဒေါက်တာနှင်းနှင်းလွင်က ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေပိုင်းက ဆိုသည်။

အဆိုပါ သုံးမြွှာပူးကလေးများ၏ မိဘများမှာ ထားဝယ်မြို့နယ် ရှင်မုတ္ထီး ကျေးရွာမှဖြစ်ပြီး ဖခင်ဖြစ်သူမှာ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်နေကြောင်း၊ ယခုအကြိမ် ကလေးမွေးဖွားခြင်းမှာ ၎င်းတို့အတွက် ပထမဆုံးအကြိမ် မွေးဖွားခြင်း ဖြစ်ကြောင်း ဦးလေးဖြစ်သူထံမှ သိရသည်။

ကလေးများကို အနွေးဓာတ်ရစေရန် ပြုလုပ်ပေးခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ အစာအိမ်မှ အစာလက်မခံနိုင်သည့်အတွက် အားဆေးများ သွင်းပေးခြင်း စသဖြင့် ဆောင်ရွက် ပေးနေကြောင်း၊ ကလေးမွေးဖွားရန်အတွက် ကိုယ်ဝန်ဆောင်ရသည့် အချိန်မှာ သာမန်အားဖြင့် အနည်းဆုံးအချိန် ၃၈ ပတ် ရှိသော်လည်း ယခုမွေးဖွားသည့် သုံးမြွှာပူး ကလေးငယ်များမှာ ကိုယ်ဝန်ဆောင်ချိန် ၃၁ ပတ်သာ ရှိသည်ဟု ဒေါက်တာနှင်းနှင်းလွင်က ရှင်းပြသည်။
“မွေးချိန်က နှစ်လလောက် စောနေတယ်။ အနည်းဆုံး တစ်နှစ်လောက် ကြာပြီးမှ အသက်ရှင်မယ်ဆိုတာ သေချာလိမ့်မယ်၊ ဆေးရုံမှာ လနဲ့ချီပြီးနေရဖို့ ရှိပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ သုံးမြွှာပူးကလေးများ အသက်ရှင်ရန် မျှော်လင့်ကြောင်း ကလေးများ၏ ဦးလေးတော်စပ်သူက ဖွင့်ဟသည်။
“ကလေးတွေ စိတ်ချရတဲ့ အချိန်ကျမှပဲ ဆေးရုံက ဆင်းဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

Thursday, February 6, 2014

ထားဝယ်တိုင်းရင်းသား လူမျိုး တစ်မျိုးဖြစ်သည်။


ထားဝယ်လူမျိုးများဟာ ဗမာအုပ်စုထဲမှာမပါတဲ့ ထားဝယ်တိုင်းရင်းသားစစ်စစ်သာဖြစ်တယ် -

ထားဝယ်လူမျိုးများသည် ရှေးကျသော တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ် သည်။ ရှေးပဝေသဏီကပင် တိုင်းပြည်၊ မြို့ပြ ထီးနန်းနှင့်တကွ ထားဝယ်စကားပြောသည့် ထားဝယ်လူမျိုးဟူ၍ ရှိနေသည့်အဖြစ်ကြောင့် ထားဝယ်စကားဟု တစ်ဘာသာ၊ မြန်မာစကားနှင့် လုံးလုံးကွဲ၍လည်းကောင်း၊ စကားတူအသံဝဲ၍လည်းကောင်း၊ စကားတူအသံဝဲ၍လည်းကောင်း ယနေ့တိုင်ပြောနေကြသည်။

၁၉၇၁ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ (၅) စာမျက်နှာ (၅၂၅)